Friday, February 21, 2014

သွားတိုက်ဆေးနဲ့ပတ်သတ်ပြီး သင်မသိသေးသော အချက်များ

သွားတိုက်ဆေးနဲ့ပတ်သတ်ပြီး သင်မသိသေးသော အချက်များ


20.02.2014

သွားတိုက်ဆေး ၀ယ်ပြီဆို ဒီတိုင်း သုံးလို့ရရင် ပြီးရောဆိုပြီး ၀ယ်တာထက်
သူ့မှာ ပါတဲ့ ပစ္စည်း အညွှန်းလေးကို ကိုယ်နဲ့ကိုက်မကိုက် ကြည့်ပြီးဝယ်တာက ပိုပြီးကောင်းမယ်ထင်ပါတယ်

သွားတိုင်ဆေးရဲ့ အောက်ဖက်နားမှာ လေးထောင့်ကွက်လေး နဲ့အရောင်လေးတွေပါပါတယ်... အလှထည့်ထားတာမဟုတ်ပါဝူး.. အရောင်လေးတွေမှာ အဓိပ္ပာယ်ကိုယ်စီရှိပါတယ်...အဲ့ဒါတွေကတော့

အစိမ်းရောင်။ ။ သဘာဝ

အပြာရောင်။ ။ သဘာဝ + ဆေးဝါး

အနီရောင် ။ ။သဘာဝ+ ဓာတုဆေးဝါး

အနက်ရောင်။ ၊ ဓာတုဆေးဝါးသီးသန့်

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ဒုတိယနှစ် ကျောင်းသူကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ လူငယ် တစ်ဦးက မိဘများ သဘောမတူဘဲ ခိုးယူ ပေါင်းသင်းခဲ့သောကြောင့် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်လျက် ရှိရာ ခိုးယူ ပေါင်းသင်းချိန်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ကျောင်းသူကို ထပ်မံ ခိုးယူကာ ထိမ်းမြားခဲ့ပြီးနောက် ဓာတ်ပုံများ ဆက်လက် ဖော်ပြနေသောကြောင့် ကောလိပ် ကျောင်းသူ၏ အုပ်ထိန်းသူ မိဘများက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“မနှစ်က နှစ်ကုန်ပိုင်းမှာ ကောင်မလေး မိဘတွေက အရွယ် မရောက်သေးသူကို ခိုးယူ ပေါင်းသင်းမှုနဲ့ တိုင်ချက်ဖွင့်ပြီး တရားရုံးမှာ အမှု ရင်ဆိုင်နေတုန်းမှာ ထပ်ဖြစ်တာပါ။ သူတို့နှစ်ဦး ပေါင်းသင်းခဲ့တဲ့ မဖွယ်မရာ ပုံတွေ အင်တာနက်မှာ ထပ်တင်နေတာကြောင့် ကောင်မလေးရဲ့မိသားစုက စခန်းမှာ အမှု ထပ်ဖွင့်တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ညစ်ညမ်းသည့် မဖွယ်မရာ ပုံများကို အင်တာနက်တွင် ဖော်ပြခဲ့သောကြောင့် အမျိုးသမီး မိသားစု အသိုင်းအဝိုင်း၏ ဂုဏ်သရေကို ညှိုးနွမ်းအောင် မီဒီယာနည်းဖြင့် ကျူးလွန်သည်ဟု ဆိုကာ အသက် ၁၉ နှစ် အရွယ်ရှိ အမျိုးသားကို တာမွေမြို့မ ရဲစခန်းမှ (ပ) ၉၁/ ၁၄၊ ပုဒ်မ ၂၉၂ (ဂ) ဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

လူမှုကွန်ရက် တစ်ခုဖြစ်သော ဖေ့ဘုတ် စာမျက်နှာပေါ်တွင် အမျိုးသမီးငယ်များ ချစ်သူနှင့် ဆုံစည်းချိန် ရိုက်ကူးခံခဲ့ရသော မဖွယ်မရာ ဓာတ်ပုံများ ဖော်ပြထားသည်ကို မကြာခဏ တွေ့ရှိနေရကြောင်း အင်တာနက် အသုံးပြုနေသော လူငယ်များထံမှ စုံစမ်း သိရှိရသည်။

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့် ဒဏ်ရာများ ရရှိခဲ့သော ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးသောင်းဒန်၊ ကိုယ်ပိုင် အမှတ် -လ/၁၉၇၇၅၄ က ဗီဒီယို သရုပ်ဆောင် နေသူရိန်ကို အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ကြောင်း မြန်မာသံတော်ဆင့် သတင်းဌာနသို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့က လာရောက် ပြောကြားသည်။

ကျွန်တော် တပ်ကြပ်ကြီး သောင်းဒန် ကိုယ်ပိုင်အမှတ်-လ/ ၁၉၇၇၅၄ မှ ရင်ဖွင့်လိုက်ပါသည်။ ဖြစ်စဉ်က ဒီလိုပါ ကျွန်တော် တာဝန်ကျနေသည့် ကန်တော်ကြီးပတ်လမ်း မီးပွိုင့်တွင် ၉-၂-၂၀၁၄ (၁၁း၃၀)  နာရီအချိန်ခန့် မီးပွိုင့်ပြင်တဲ့အဖွဲ့ မီးပြန်ချိန်ရန် ပြုပြင်နေစဉ် မီးပွိုင့်မီးဖြတ် လိုက်တယ်။ တာဝန်အရ ကျွန်တော် ကားတွေကို ထိန်းရတယ်၊ လက်ထွက်ပြရတယ်၊ အဲဒီမှာ ၇ဃ/၇၇၇၄ ကားက ဖရီးကြောက တည့်ထွက်လာတယ်၊ ထွက်လာတဲ့ကားကို လက်ပြပြီး တားထားတယ်၊ ဒီကားကမရပ်ဘူး။ ဆက်မောင်းလာပြီး ပွိုင့်အလယ်ကောင် အထိရောက်လာတယ်၊ သူတို့ကကားပေါ်က ဆင်းလာပြီး မင်းကဘာကောင်မို့ ငါ့ကားကိုတားတာလဲ၊ ဘာဖြစ်တယ်/ ညာဖြစ်တယ်ဆိုပြီး ကျွန်တော်ကို ရန်လုပ်တယ်၊ ကျွန်တော်က ညီလေး ဆက်မောင်းသွားဖို့ ဆက်ပြောတယ်၊ ဖရီးကြောက ထွက်လာလို့ ဟိုဘက်ယာဉ်နဲ့တိုက်မိမှာစိုးလို့ ယာဉ်ကြောကို ပိတ်တာလို့ ကျွန်တော်က ပြောတယ်၊ မရဘူး။ သူက ကျွန်တော့် ယူနီဖောင်းအင်္ကျီကို ဆောင့်ဆွဲတယ်၊ကျွန်တော်က တာဝန် ထမ်းဆောင်နေတယ်၊ မင်း အဲဒီလိုတော့ မလုပ်နဲ့၊ မလုပ်သင့်ဘူး။ လို့ပြောတယ်၊ နောက်ထပ် တစ်ကြိမ်လည်း ဆက်ကာဆက်ကာ ဆောင့်ဆွဲတာ လုပ်တာပေါ့နော်၊ ကျွန်တော်က သူ့ကို ပြန်ဆောင့်တွန်းလိုက်တယ်၊ အဲဒီမှာ သူ့ကားထဲက အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ သူနဲ့အတူပါလာတဲ့ အမျိုးသမီးက သူ့ကို ထိန်းပြီး အမျိုးသမီးက ချုပ်ပြီး ခေါ်သွားတဲ့အချိန် ကျွန်တော်က ရန်ထပ်မဖြစ် စေချင်တဲ့အတွက် သိမ်ဖြူလမ်းက ကားကို ကန်တော်ကြီး ဟိုတယ်ဘက် ကွေ့ကားကို ထွက်သွားခိုင်း လိုက်တယ်၊ သူလည်း ဆက်မောင်း သွားတယ် ကျွန်တော်တပ်ဖွဲ့မှူးကို ချက်ချင်း သတင်းပို့တယ်။ နောက်နေ့ ၁၀-၂-၂၀၁၄ ညနေ ၆း၃၀ အချိန် ဂျာမနီ သမ္မတ လမ်းကြောင်းရှိတယ်၊ ယူနီဖောင်း အပြည့်အစုံ ရောင်ပြန်အင်္ကျီ ၀တ်ထားတယ်။ ကျွန်တော့်ရဲ့ အနားမှာ စည်ပင် အမျိုးသမီး တစ်ယောက်ပဲ ရှိတယ်။

အဲဒီ စည်ပင်အမျိုးသမီးက ဟိုဘက်မှာ ရပ်နေတယ်၊ ကျွန်တော်က ဒီဘက်မှာ ရပ်နေကြတယ်။ အဲဒီအချိန်မှာ သူတို့ကား ပထမနေ့ကကား ၉ဃ/၇၇၇၄ အဲဒီ ကားနဲ့ထပ်ပြီး မိသားစု ရောက်လာတယ်။ အဲဒီကားထဲက အဘိုး ကြီးတစ်ယောက်ကို  ဦးလေး ကျွန်တော်ရှင်းပြမယ်၊ မင်းတို့ ဘာဖြစ်တာလဲတဲ့။ ကျွန်တော် ရှင်းပြတာကို ဆုံးအောင် နားထောင်ပြီးမှ ဦးလေး ကြိုက်သလို ဆုံးဖြတ်ပါလို့ ကျွန်တော်က ပြောတယ် ရှင်းပြဖို့ လုပ်နေတုန်း ရှိသေးတယ်။ဟိုဘက်က သူနဲ့ပါလာတဲ့  သုံးလေးယောက်ကပေါ့။ ၀ိုင်းပြီဆွဲတယ် တုတ်တွေနဲ့ ရိုက်မလိုလုပ်၊ ခဲနှင့်ထုမယ့်သူကလည်း ခဲနဲ့ထုမယ့်ပုံ အဲဒီလိုလုပ်ကြတယ်၊ နောက်ထပ် ဘာလုပ်သလဲဆိုတော့  အရပ်ပုပုနဲ့ လူက ကျွန်တော့်ကို ခဲနှင့်လိုက်ထုဖို့ လုပ်တယ်၊ ပထမနေ့က လာတဲ့ ယာဉ်မောင်းက ၉ဃ/၇၇၇၄ ယာဉ်မောင်း သူက ကျွန်တော့်ကို စည်ပင်အမျိုးသမီးဆီက တံမြက်စည်းကို ယူပြီး ကျွန်တော့်ကို ရိုက်မယ် လုပ်တယ်၊ ကျွန်တော် ရှင်းပြနေရင်လည်း ကျွန်တော်ပဲ အရိုက်ခံရမှာ ဖြစ်တယ်၊ အဲဒီကားထဲမှာ ပါလာတဲ့ အသက် ၅၀ ၀န်းကျင် အမျိုးသမီးကြီးကလည်း သူ့ဖိနပ်နဲ့ကျွန်တော့်ကို လိုက်ရိုက်တယ်၊ လိုက်ရိုက်တော့ ကျွန်တော့် လက်နဲ့ ကာတယ်၊ ဟိုဘက်ကလည်း လိုက်ရိုက်တယ်၊ အဘိုးကြီးကလည်း ဆောင့်ဆွဲတယ်။ လက်ကိုင် ထားတယ် အတင်းရုန်းထွက်တယ်၊ ကျွန်တော့်ကို ချုပ်သလို ဖြစ်နေတယ်။ အတင်း လက်ကိုဆွဲဖြုတ် လိုက်တယ်၊ စုစုပေါင်းအားလုံး (၇)ဦးလောက် ရှိတယ်။ ကျွန်တော် ဒီမီးပွိုင့်နားမှာ ဆက်ရပ်နေရင်လည်း ကျွန်တော့်ကို ၀ိုင်းလုပ်ကြတော့မှာ၊  အဲဒီတော့ ပွိုင့်အလယ်နားမှာ သွားရပ်လိုက်ပြီး စကားပြောစက်ကို ကိုင်ထားတယ်၊ အရပ်ပုပုနဲ့လူက ကျွန်တော့်ကို လိုက်ကန်တယ်၊ ပြီးတော့ စကားပြောစက် ကိုင်ထားတဲ့ လက်ကို ထပ်ကန်တယ်၊ စကားပြောစက်ကို ကျွန်တော် ဆုပ်ထားတယ်၊ ဆုပ်ထားတဲ့ လက်က ဒဏ်ရာရပြီး ဖူးရောင် သွားတယ်၊ ဆေးရုံ ပြကြည့်တော့ အရိုးနည်းနည်း အက်သွားတယ်တဲ့၊ လက်က ရောင်နေတယ်၊ အခုလက်ကို ကျောက်ပတ်တီး စည်းထားရတယ်၊ အဲဒီ စကားပြောစက်ကလည်း အောက်ပြုတ်ကျသွားတယ်၊ ယူနီဖောင်းအင်္ကျီက ခရာကြိုးလည်း ပြုတ်ကျသွားတယ်၊ စည်ပင်အမျိုးသမီးက ခရာကိုကောက်ပြီး ကျွန်တော့် ကျောပိုးအိတ်ထဲကို ထည့်ပေးလိုက်တယ်။ ဝေါ်ကီတော်ကီလည်း ကွဲသွားတယ်။ အဲဒါကိုသူတို့ ယူသွားကြတယ်၊ ကျွန်တော်ဒါတွေ လုပ်ကြံပြီး ပြောတာ မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး မင်္ဂလာတောင်ညွှန့် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ကျွန်တော် ဒီဖြစ်စဉ်မှာ လိမ်ညာပြီးပြောခဲ့တာ တစ်ခုမှ မပါပါဘူး၊ ကျွန်တော့် အထက် တာဝန်ရှိ လူကြီးများကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ မဟုတ်မမှန် လုပ်ကြံပြီး သူတို့က ကျွန်တော့် ကိုတောင် ပြန်အရေးယူမည့် သဘော ဖြစ်နေကြပါသည်။ ကျွန်တော့်အထက် တာဝန်ရှိသူ များကလည်း ကျွန်တော့်ဘက်က ရပ်တည်ပေးသည့် အရိပ်အယောင် မတွေ့ရပါ။ “လက်ကို မီးပွားကျရင် ခွေးပေါ်ခါချ”တဲ့ သဘောမျိုး ဖြစ်နေပါသည်။ ငွေများတရားနိုင် သူတို့ဘယ်လို ၀င်ထားကြသည် မသိ၊ ကျွန်တော်ကတော့ ဖြစ်စဉ် အမှန်အတိုင်း ဖြစ်စေချင်ပါသည်။ ငွေရှင်ကြေးရှင် စီးပွားရှင်ဘက် မလိုက်ဘဲ နိုင်ငံ့တာဝန် ထမ်းဆောင် နေသည့် ဂျူတီအချိန်မှာ တာဝန်ကျ နိုင်ငံ့ဝန်ထမ်းတစ်ဦးကို ကိုယ်ထိလက်ရောက် အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်စွာ အနိုင်ကျင့်သွားသည့် အမည်ရင်း စနေထွန်း၊ ဗီဒီယို သရုပ်ဆောင်နေသူရိန်၊ (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု (နောက်မှသိရ)အား ဘက်မလိုက်ဘဲ အမှန်အတိုင်း အရေးယူပေးပါရန် နိုင်ငံတော် အကြီးအကဲများအား ရင်ဖွင့် တင်ပြလိုက်ရပါသည်ဟု မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

တာမွေအောင်ကို

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ နေအိမ်

Facebook တည်ထောင်သူ ဇူကာဘတ်ရဲ့ နေအိမ်


ပုံမှာ မြင်တွေ့နေရတာကတော့ ၂၀၁၁ ခုနှစ်ကတည်းက Facebook တည်ထောင်သူ Mark Zukerberg ဝယ်ယူထားတဲ့ အိမ် ဖြစ်ပါတယ်။

အဲ့တုန်းက အမေရိကန်ဒေါ်လာ ၇ သန်းသာ ကုန်ကျပါတယ်။ အိပ်ခန်းငါးခန်း ပါရှိပြီး ခြံဝိုင်း ကျယ်ကျယ်ဝန်းဝန်း နဲ့ ဇိမ်ခံ အိမ်တစ်လုံး ဖြစ်နေတာ ကို မြင်တွေ့ရမှာပါ။ Facebook ရဲ့  ဌာနချုပ် Menlo park နဲ့လည်း အနီးဆုံးမှာ ရှိတဲ့ အိမ်တစ်လုံး ဖြစ်ကြောင်း ဆိုပါတယ်။ ဆီလီ ကွန် တောင်ကြား နဲ့ မနီးမဝေး နေရာမှာပဲ။ ယခု ထွက်ရှိတဲ့ သတင်း သစ် အရ ဇူကာဘတ်ဟာ အိမ်နီးချင်းက အိမ် ၄ လုံးကိုတောင် ဆက်တိုက် ဝယ်ယူခဲ့ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်းချီ ရှိခဲ့ကြောင်း ဆိုပါတယ်။ အမှန်တော့ ယင်း အိမ် ၄ လုံးပေါင်း တန်ဖိုးက ၁၀ သန်းတောင် မရှိဘူးလို့ မီဒီယာသမားများက ဆိုကြပါတယ်။ ဒါကို ဇူကာဘတ် က ငွေ ပိုပေး ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဇူကာဘတ်ဟာ အသက် ၂၉ နှစ်ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး အိုင်တီ လုပ်ငန်းရှင် ပုဂ္ဂိုလ်စာရင်း ထိပ်တန်း ၁၀ ဦးထဲမှာပါဝင်လျက် ရှိကြောင်း သိရ ပါတယ်။

ကျောက်စိမ်းတုံးကြီး တွေ့ရှိမှုကြောင့် ကျောက်တူးသမားများ အခက်တွေ့

ကျောက်စိမ်းတုံးကြီး တွေ့ရှိမှုကြောင့် ကျောက်တူးသမားများ အခက်တွေ့


ဓာတ်ပုံ - Jadeland

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ အလွန်ကြီးမားတဲ့ ကျောက်စိမ်းတုံးကြီး တူးဖော်တွေ့ရှိပြီးတဲ့နောက် လုံခြုံရေး တိုးမြှင့်ချထားတာကြောင့် တနေ့လုပ်တနေ့စား ကျောက်တူးသမားတွေ အလုပ်အကိုင် အခက်အခဲဖြစ်နေရပါတယ်။

ဆိတ်မူကျေးရွာအုပ်စု ဝေခါမှော်လုပ်ကွက်မှာ ဖေဖော်ဝါရီ ၉ ရက်နေ့က ကြီးမားတဲ့ ကျောက်စိမ်းတုံးကြီးတတုံး တူးဖော်တွေ့ရှိပြီးတဲ့နောက်ပိုင်း အစိုးရတပ်က ချက်ချင်း လုံခြုံရေး တိုးမြှင့်လိုက်ပြီး ၁၅ ဧက ပတ်လည်က လုပ်ကွက်တွေ ပိတ်ထားတယ်လို့ ဆိတ်မူကျေး ရွာအုပ်စုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောပါတယ်။
အဲဒီလို ပိတ်လိုက်လို့ ခါတိုင်းအဲဒီမှာ ကျင်လည်နေကျ ရေမဆေးကျောက်သမားတွ၊ တနိုင်တပိုင်တူးဖော်နေသူတွေ ထောင်ချီပြီး အလုပ်အကိုင် အခက်အခဲဖြစ်နေတယ်လို့ ဦးရွှေသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီဝေခါမှာ အခြေစိုက်တဲ့ ဒီ တပ်မ ၁၀၁ ရှ့တန်းအခြေစိုက်တပ်ပေါ့။ ကျောက်ကို အမြန်ဆုံး သူကလုံခြုံရေး အထပ်ထပ်လုပ်လိုက်တော့ အနားကပ်လို့မရတော့ဘူး။ ကျောက်တွေ့တဲ့နေ့ကစ ဒီနေ့အချိန်ထိ တနိုင်တပိုင် လုပ်ကိုင်တဲ့ ကျောက်ဖော်တဲ့ လုပ်ငန်းဟူသမျှကို ရပ်ဆိုင်းထားတော့ တပိုင်တနိုင်လုပ်ကိုင်စားသောက်နေတဲ့ အလုပ်ကို အခြေခံပြီး ရပ်တည်နေရတဲ့ ပြည်သူတွေ တော်တော်လေး ဒုက္ခရောက်နေကြတယ် လောလောဆယ်မှာ။”

ကျောက်စိမ်းတုံးကြီး စတင်တွေ့ရှိသူ ရေမဆေးကျောက်တူးသမား ကိုအောင်နိုင်ဝင်းကိုလည်း သူ့လုံခြုံရေးအတွက်ဆိုပြီး အစိုးရတပ်က ခေါ်ယူထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ကိုအောင်နိုင်ဝင်းဟာ အောက်မြန်မာပြည်ဘက်ကနေ ဆိတ်မူကျေးရွာအုပ်စု ဝေခါရွာမှာ လာရောက်အခြေစိုက်ပြီး တနိုင်တပိုင် ကျောက်တူးနေတာလို့ ဆိုပါတယ်။

ကျောက်စိမ်းတုံးကြီး မတွေ့ခင်ကတော့ တနိုင်တပိုင်တူးသမားတွေဟာ နားလည်မှုနဲ့ ဆောင်ရွက်နေကြတာဖြစ်ပြီး စစ်တပ်က ရှောင်တခင် ၀င်ဖမ်းတာတွေရှိသလို ငွေနဲ့ပြန်ရွေးရတာလည်း ရှိနေတယ်လို့ ပြောပါတယ်။

သူတို့ပါတီအနေနဲ့ ပြည်သူတွေဆီက တိုင်ကြားထားတာတွေ လက်ခံရရှိထားချက်အရ ပြဿနာဖြေရှင်းရေး နည်းလမ်းတွေရှာဖို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကျရင် ရွာသားအားလုံး နဲ့ တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်သွားမယ်လို့ ဦးရွှေသိန်းက ဆိုပါတယ်။

ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဝေခါရွာ နတ်ကြီးစင်ဟောင်းအောက် မော်တောင်းအဆင်းလမ်းမှာ အလေးချိန် ခန့်မှန်းခြေ ၃၇ တန်လောက်ရှိမယ့် ကျောက်စိမ်းတုံးတတုံးကို ဖေဖော်ဝါရီလ ၉ ရက်နေ့က တူးဖော်တွေ့ရှိခဲ့တယ်လို့ ကချင်ပြည်နယ်အစိုးရရုံး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျောက်တုံးကြီးဟာ အကျယ် ၉ ပေ ၁၀ လက်မ၊ အမြင့် ၁၃ ပေ၊ လုံးပတ် ၃၃ ပေ ရှိပြီး ကျောက်စိမ်းတုံးကို ဘေးမသီရန်မခ စနစ်တကျ သယ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြပ်မတ်ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသဟာ ကျောက်စိမ်းထွက်ရှိရာဒေသအဖြစ် နာမည်ကြီးပြီး ဒေသခံတွေနဲ့အတူ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကပါ သောင်းနဲ့ချီတဲ့လူတွေ ကျောက်တူးလုပ်ငန်းကို လာရောက်လုပ်ကိုင်နေကြပါတယ်။

၂၀၁၂ ခုနှစ်မှာတော့ နယ်မြေမတည်ငြိမ်မှုနဲ့ သဘာဝဘေးအန္တရာယ် တားဆီးရေး အတွက် သတ္တုတွင်းဝန်ကြီးဌာနက အဲဒီနှစ် မေလက စပြီး ကျောက်တူးဖော်ခွင့်ကို ပိတ်ထားခဲ့ပါတယ်။

ဒါပေမယ့် ဘိုးစဉ်ဘောင်ဆက်ကတည်းက ကျောက်တူးလုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင် စားသောက်လာတဲ့ ဒေသခံတွေအနေနဲ့ အခြားအလုပ်အကိုင် ရှားပါးမှုကြောင့် အဖမ်းအဆီးတွေကြားက တမျိုး၊ နားလည်မှုတွေနဲ့တဖုံ လုပ်ကိုင်စားသောက်နေကြတာ ဖြစ်ပါတယ်။

DVB Burmese

ဖောက်ပြန်ချင်နေသေယောက်ကျား များအားဆုံးမရန် (မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ်)

ဖောက်ပြန်ချင်နေသေယောက်ကျား များအားဆုံးမရန် (မိန်းကလေးတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသမီးတွေ ဖတ်ကြည့်သင့်ပါတယ်)



မယားငယ် - ဟယ်လို၊ ဦး.... ရဲ့ မိန်းမပါလား

မိန်းမ - ဟုတ်ပါတယ် ဘယ်သူပါလဲ

မယားငယ် - ကျွန်မ သူ့ချစ်သူပါ။ ရှင့်ယောက်ျားကို ကျွန်မ ချစ်မိသွားလို့ရှင့်။ အဲဒါ သူနဲ့လက်ထပ်မလို့။

မိန်းမ - ကောင်းတာပေါ့။ Congratulation ပါ။ ဒါပေမယ့် အဲဒါရှင့်ကိစ္စလေ

မယားငယ် - သူမကွာရှင်းဘဲနဲ့ ကျွန်မက သူနဲ့ ဘယ်လိုလက်ထပ်လို့ရမှာလဲ

မိန်းမ - Sorry. အဲဒါသူ့ကိစ္စပါ

မယားငယ် - သူကရှင့်ကိုတောင် မချစ်တော့တဲ့ဟာ ရှင်မကွာပေးဘူးလား။ ရှင့်နေရာမှာ ကျွန်မသာဆို အစောတည်းက ကွာပေးလိုက်ပီ

မိန်းမ - သြော်ဟုတ်လား။ ကွာတာမကွာတာ ကျွန်မကိစ္စပါ

မယားငယ် - ရှင်ငကြောင်ပဲ

မိန်းမ - သူခိုးကလူဟစ်လို့ရှင်

မယားငယ် - ရှင်မကွာပေးဘဲ နေတော့ရော သိသိကြီးနဲ့ ရှင်ဒီလို နေရတာကောင်းမလားရှင့်

မိန်းမ - ဒါကျွန်မကိစ္စပါ။ ကျွန်မကျေနပ်တယ်။ ဘာဖြစ်လဲ

မယားငယ် - ကျွန်မသူနဲ့ နေ့တိုင်းတွေ့တယ်။ အရမ်းချစ် အရမ်းကို ယုယကြင်နာတာ နေ့တိုင်းပဲ

မိန်းမ - အဲဒါရှင်တို့ကိစ္စလေ။ ကျွန်မကို အစီရင်ခံနေစရာမလိုပါဘူး။ ဒါပေမယ့် ရှင်အစီရင်ခံမှတော့ ကျွန်မက ခွင့်ပြုပေးရမှာပေါ့။ တစ်ခုပဲ သတိပေးလိုက်မယ်။ နောက်ကလေးရှိမှ မီးဖွားစရိတ်မရှိဖြစ်နေအုံးမယ်နော့

မယားငယ် - ကျွန်မတို့မှာ ကလေးမွေးစရာ ပိုက်ဆံမရှိဘူးလို့ ရှင့်ကို ဘယ်သူပြောလဲ။

မိန်းမ - သိတာပေါ့။ ကျွန်မယောက်ျားရဲ့ ပိုက်ဆံတွေအကုန် ကျွန်မကို သူအပ်ရတာလေ။ ရှင့်ကို ပေးတာရှိခဲ့မယ်ဆိုရင်တောင် အဲဒါ ကျွန်မ နှုတ်ဆိတ်ခွင့်ပြုခဲ့တဲ့ ပိုက်ဆံပဲ။ ယောက်ျားတွေဆိုတာ ဒီလိုပဲလေ ထမင်းစားရတာ များတော့လည်း အချို အချဉ်လေး ပြောင်းစားချင်ကြတာပေါ့။ အမှိုက်တွေမှန်း သိပေမယ့်လည်း ကိုယ့်စိတ်ကိုယ် ထိန်းနိုင်ကြတာမဟုတ်ဘူးလေ။ ဒီတော့ ကျွန်မကလည်း သူ့ကို အဲဒီ အမှိုက်စားဖို့ မုန့်ဖိုးလောက်တော့ ပေးရတော့တာပေါ့။ နောက်ပြီး ရှင်ကရော သူရှင်နဲ့ တကယ် ကလေးမွေးချင်ပါတယ်လို့ ရှင်ထင်နေတာလား

မယားငယ် - ကျွန်မမွေးကို မွေးဦးမယ်။ ရှင်ကွာမလား မကွာမလား စောင့်ကြည့်ကြတာပေါ့။

မိန်းမ - မကွာပါဘူး။ ရှင်မွေးပီးတဲ့ အခါမှသာ။ ကျွန်မကို ဖုန်းဆက်လိုက်။ ကျွန်မ တရားရုံးကသူတွေနဲ့ လာခဲ့မယ်။ လင်ခိုးမှုနော်။ ရှင်သုံးခဲ့တဲ့ ပိုက်ဆံတွေ အကုန်ကျွန်မကို ပြန်ပေးရမှာ......ရှင့်ကလေးကို မွေးပီးမှ ကျွေးမွေးစောင့်ရှောက်တဲ့သူမရှိ ဖြစ်မှာမကြောက်ဘူးဆိုရင် မွေးသာမွေး။ အဲဒါ ရှင့်ကိစ္စပဲ

မယားငယ် - ရှင့်ယောက်ျား အခြားမိန်းမနဲ့ အတူတူနေတာကို ရှင်လက်ခံနိုင်လို့လား။

မိန်းမ - လက်ခံနိုင်တာပေါ့။ ပိုက်ဆံမပေးရတဲ့ကြက်က ပိုက်ဆံပေးရတဲ့ကြက်ထက် အများကြီးသက်သာတယ် မဟုတ်လား။ ကျွန်မ ယောက်ျားက အဲလိုချွေတာလိုက်လို့ ပိုထွက်လာတဲ့ ပိုက်ဆံနဲ့ ကျွန်မလည်း ကြက်ကလေး ဘာလေးဝယ်ပေါင်း ပြီး ကိုယ့်ကိုကိုယ် အားဖြည့်လို့ရတာပေါ့

ဒီမှာတင်ပဲ မယားငယ်ဟာ ငိုပြီးဖုန်းချသွားသတဲ့ကွယ်

ချစ်သူဟောင်းနဲ့ အရက်မူးပြီး အိပ်မိလို့ ရုရှားသူလေး သေကြောင်းကြံ

ချစ်သူဟောင်းနဲ့ အရက်မူးပြီး အိပ်မိလို့ ရုရှားသူလေး သေကြောင်းကြံ




အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ရုရှားမလေး Alina Bogdanova ဟာ ချစ်သူဟောင်းနဲ့ အရက်မူးပြီးတော့ တစ်ညတာ ကုန်ဆုံးစေခဲ့မှုအတွက် မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြောင်း သိရ ပါတယ်။

သူမရဲ့ လက်ရှိ ချစ်သူ ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင်ရဲတော့တဲ့ အတွက် ယခုလို သေကြောင်း ကြံစည်ခြင်း ဖြစ်ကြောင်း စစ်ဆေးမှုများက ထုတ်ဖော် ပြောဆို ထားပါတယ်။ သူမဟာ အကို ဖြစ်သူထံ အလည်သွားစဉ် သူ့ချစ်သူဟောင်း ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် Aleksandra Zuks ရဲ့ အိမ်မှာ တည်းခိုခဲ့ခြင်း ဖြစ်ပါတယ်။ သူမအနေနဲ့ အိမ်ပေါ် အခန်းထဲမှာ အိပ်ပြီး Aleksandra ဟာ အောက်မှာ ဆင်းအိပ်မယ် လို့ပြော ပါတယ်။ သို့ပေမယ့် အရက်မူးနေကြတာမို့ ညက အဖြစ်အပျက်ကို အမှတ်သညာ မရှိခဲ့ကြ ပါဘူး။ မနက် လင်းလာချိန်မှာတော့ ချစ်သူဟောင်း ဖြစ် သူ အိပ်ယာထပြီး ဘေးမှာ မရှိလို့ ထွက်ကြည့် ချိန် လှေကား ရင်းမျာ ကြိုးဆွဲချ သေနေတဲ့ သူ့ချစ်သူဟောင်းကို တွေ့ရှိခဲ့ ပါတယ်။

စုံစမ်း စစ်ဆေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး ဒါဟာ မိမိကိုယ် ကို သေကြောင်းကြံတဲ့ ဖြစ်ရပ် ဖြစ်ကြောင်း တိကျတဲ့ အဖြ ထွက်ရှိခဲ့ ပါတယ်။ ချစ်သူသစ် ဖြစ်တဲ့ Arturas Pakalniskis ကို မျက်နှာချင်း မဆိုင် ရဲတော့ တဲ့ Alina ဟာ မနက်လင်းချိန်မှာပဲ ကြိုးဆွဲချ သေကြောင်းကြံ ခဲ့ခြင်း ဖြစ်ကြောင်း သိရ ပါတယ်။

သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ

သာကေတမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ကာ (၂)ဦးသေ၊ (၂)ဦးဒဏ်ရာရ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
၂၀.၂.၂၀၁၄ရက်နေ့ ၁၆၄၀အချိန် သာကေတမြို့နယ်၊
ယမုံနာလမ်းအတိုင်း သာကေတဘက်မှသန်လျင်ဘက်သို့
ယာဉ်မောင်း စိုးရန်နောင်(ဘ)ဦးလှညွန့်၊ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ်-----တိုယိုတာပရာဒို ခဲရောင်ယာဉ်သည် မြင်တော်သာလမ်းထိပ် ဂိတ်ဟောင်းမှတ်တိုင်
အနီးအရောက် ၎င်း၏ရှေ့မှယာဉ်အားကျော်တက်စဉ် ကိုငယ်လေးချို (ဘ)ဦးသိန်းမောင်၊ သာကေတမြို့နယ်နေသူ စီးနင်းလာသော
ဆိုက္ကားနှင့် ကိုကြည်ဝင်း (ဘ)ဦးအေးလွင် သာကေတမြို့နယ်နေသူ စီးနင်းလာသော စက်ဘီးတို့အားတိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ကိုငယ်လေးချိုနှင့် ဆိုက္ကားပေါ်ပါ
ဒေါ်ရီရီထွန်း၊ ဒေါပုံမြို့နယ်နေသူ တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီးဆိုက္ကားပေါ်ပါ မနွေးယွန်းဖြူ (ဒေါ်ရီရီထွန်း၏သမီး)နှင့်စက်ဘီးစီးနင်းလာသူ ကိုကြည်ဝင်းတို့တွင် ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုးရန်နောင်အား သာကေတမြို့မရဲစခန်းယာဉ်(ပ) ၁၀/၂၀၁၄၊
ပုဒ်မ ၂၇၉/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ
ထားရှိကြောင်း သတင်းရရှိပါသည်။

ဘီပိုးကုသဖို့ သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆေးသုတေသနကို သတိပေး

ဘီပိုးကုသဖို့ သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်လုပ်မှု ရပ်ဆိုင်းဖို့ ဆေးသုတေသနကို သတိပေး


သွေးရည်ကြည်ကနေတစ်ဆင့် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထုတ်လုပ်မှု မြန်မာနိုင်ငံ ဆေးသုတေသန ရပ်ဆိုင်းသင့်ပြီလို့ ပါမောက္ခ ဦးခင်မောင်ဝင်းက သတိပေးလိုက်ပါတယ်။
သွေးရည်ကြည်ကနေ ကာကွယ်ဆေးထုတ်ရာမှာ နည်းစနစ်ချွတ်ချော်မှုနဲ့ ဆေးထိုးရာမှာ ဘီပိုး၊ စီပိုးအပြင် HIV ပိုးတွေပါ ပါသွားနိုင်တာကြောင့် အန္တရာယ်များတာမို့ ပြည်သူတွေ မသုံးကြဖို့နဲ့ ကမ္ဘာ့အဆင့်မီ တဆေးကနေထုတ်တဲ့ ကာကွယ်ဆေးလည်းရှိနေတယ်လို့ ဖေဖော်ဝါရီ ၂၁ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။
အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး ထုတ်ရာမှာ Yeast လို့ခေါ်တဲ့ တဆေးကနေထုတ်တဲ့နည်းနဲ့ B Positive ဖြစ်လို့ စွန့်ပစ်ထားတဲ့ သွေးကနေတစ်ဆင့် ကာကွယ်ဆေးထုတ်တဲ့ နည်းနှစ်ခုထဲက သွေးရည်ကြည်ကနေ ထုတ်လုပ်မှုကို ၁၉၉၂ကတည်းကအမေရိကန်ပြည်ထောင်စုမှာ ရပ်ဆိုင်းထားလိုက်ပြီလို့ ဆိုပါတယ်။
အသည်းရောဂါနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ အသိပညာရစေဖို့ရည်ရွယ်ပြီး UMFCCI မှာကျင်းပတဲ့ ဟောပြောပွဲမှာ ဘီပိုးဟာ အသည်းကင်ဆာဖြစ်ဖို့ အဓိကအားပေးတာကြောင့် ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းတွေမှာ အားစိုက်လုပ်ကြဖို့၊ မြန်မာနိုင်ငံရဲ့ ဘီပိုးကူးစက်မှု ၉၅%ကျော်ရှိနေပြီးကမ္ဘာ့ အသည်းကင်ဆာ အဖြစ်အများဆုံး ၁ဝနိုင်ငံထဲပါနေတယ်လို့ ဆိုပါတယ်။

ပေါင် တစ်သိန်းတန် ရှားပါးပန်းရောင်စိန်ပွင့်ကို မျိုချခဲ့တဲ့ ဗြိတိသျှလူမျိုးကမ္ဘာလှည့်ခရီးသွားကို လေဆိပ်မှာ ဖမ်းဆီးရမိ

ပေါင် တစ်သိန်းတန် ရှားပါးပန်းရောင်စိန်ပွင့်ကို မျိုချခဲ့တဲ့ ဗြိတိသျှလူမျိုးကမ္ဘာလှည့်ခရီးသွားကို လေဆိပ်မှာ ဖမ်းဆီးရမိ


လေယာဉ်နဲ့ နယူးဇီလန်ကို ထွက်ခွာဖို့ လုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် ဗြိတိလျှလူမျိုး မက်သရူး အော့်စ်ဘွန်း ကို သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ လေဆိပ်မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့အပတ်က တောင်ပိုင်းမြို့ Cairns က ရတနာပစ္စည်းဆိုင်မှာ ရှားပါးတဲ့ပေါင်တစ်သိန်းတဲ့ ပန်းရောင် စိန်ပွင့်ကို အလစ်သုတ်ခံရမှုအပြီးမှာ အခုလို ဖမ်းဆီးမှုပြုလုပ်နိုင်ခဲ့တာပါ။ ရတနာဆိုင်ကို အလစ်သုတ်ခဲ့တဲ့လူဟာ စက်ဘီးနဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဆိုင်ရှင်က ထွက်ဆိုထားပါတယ်။

စိန်ပွင့်ပိုင်ရှင် Keith Bird က အလစ်သုတ်တဲ့လူဟာ စိန်ပွင့်ကို မျိုချပြီး ခိုးပြေးခဲ့တာဖြစ်ကြောင်း ရဲတွေကို တိုင်ကြားခဲ့တာပါ။

မက်သရူးအော့်စ်ဘွန်းကို ဓာတ်မှန်ရိုက်စစ်ဆေးချက်တွေပြုလုပ်ထားပေမယ့် တိကျတဲ့အဖြေကို မရရှိသေးပါဘူး။

အကြီးတန်းရဲတပ်ကြပ် Greg Giles က “ အိတ်စရေးဓာတ်မှန်ရိုက်ထားတာက အခုအချိန်မှာ ခိုင်လုံတိကျတဲ့ အဖြေကို ပေးစွမ်းနိုင်ခြင်းမရှိသေးပါဘူး။ စိန်ပွင့်ကို သူမျိုချခဲ့ကြောင်း ခိုင်မာတဲ့အထောက်အထားကို မပေးနိုင်သေးတဲ့အတွက် ကျွန်တော်တို့ ရဲလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ တကယ်လို့ သူသာ ကျွန်တော်တို့ နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် သူ့ အတွက်လည်း အကျိုးရှိမယ်ဆိုတာ သူသိစေချင်ပါတယ်။” လို့  ပြောကြားခဲ့ပါတယ်။

အော့်စ်ဘွန်းကတော့ သူစိန်ပွင့်ကို မမျိုချခဲ့ဘူးလို့ ငြင်းဆန်ထားပေမယ့် မနက်ဖြန်မှာ အော့်စ်ဘွန်းကို Melbourne ကနေ Cairns မြို့ ရဲစခန်းကို ခိုးမှုနဲ့ လွှဲပြောင်းမှာဖြစ်ပါတယ်။

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ


ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

မင်္ဂလာမနက်ခင်းလေး

ရောင်နီဝင်လာနေကြမနက်ခင်းတွေတိုင်းမှာ လူတိုင်းလူတိုင်း မင်္ဂလာအပေါင်းနဲပြည့်စုံကြပါစေလို ကျွန်တော် သီဟတိုး မှဆုတောင်းပေးလိုက်ပါတယ်
ကျွန်တော်ဘလော့သို့ကြွရောက်ကြတဲ့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ တို့ အားလုံး စိတ်၏ကျန်မာခြင်း ကိုယ်၏ကျန်းမာခြင်းနဲပြည်စုံကြပါစေခင်ဗျာ

                                                                          Thank You 
                                                                           www.thihatoe.blogspot.com